iCloud အေၾကာင္း သိေကာင္းစရာမ်ား

iCloud အေၾကာင္း သိေကာင္းစရာမ်ား

အခု အျပင္မွာ

- ဖုန္းဝယ္ျပီး iCloud က်ေနတယ္။
- iCloud password ေမ႔သြားတယ္။
- iCloud က်သြားတယ္။

စတာ ဆိုတာမ်ိဳးေတြ ခဏခဏ ၾကားေနရမွာပါ။ ဒါဆို iCloud က်တာမ်ိဳးေတြ ဘယ္လိုေရွာင္က်ဥ္ၾကမလဲ?

ေရွာင္က်ဥ္တာေတြ အေၾကာင္းမေျပာခင္ iCloud အေၾကာင္းကို အၾကမ္းေလးေျပာျပပါ႔မယ္။ iCloud account ဟာ Apple Product သံုးစြဲသူ တစ္ေယာက္ခ်င္းစီအတြက္ သူတို႔နဲ႔ သက္ဆိုင္တဲ႔ အခ်က္အလက္ေတြကို backup လုပ္ေပးထားတဲ႔ ေနရာဆိုလဲ မမွားပါဘူး။

ဓါတ္ပံုေတြ၊ contacts ေတြ၊ mail ေတြ၊ notes ေတြ၊ calendar events ေတြ စတာေတြကို သိမ္းေပးထားတာပါ။ တကယ္လို႔ ကိုယ္က iCloud account တစ္ခုတည္းကို Apple device တစ္ခုထက္ပိုျပီး အသံုးျပဳမယ္ဆိုရင္ ကိုယ္႔ information ေတြအားလံုးဟာ ကိုယ္သံုးသမွ် device ေတြမွာ share သြားတဲ႔အတြက္ အဆင္ေျပပါတယ္။

တကယ္လို႔ ကိုယ္႔ဖုန္းေပ်ာက္ခဲ႔တယ္ဆိုရင္လည္း iCloud ရဲ႕ service တစ္ခုျဖစ္တဲ႔ “Find My iPhone” မွာ ျပန္သြားရွာႏိုင္ပါတယ္။

ဒီလိုေတြ လုပ္ေပးထားတဲ႔အတြက္ security ကလည္းျမင္႔ပါတယ္။ Security ကေတာ႔ Apple ID နည္းတူ သြားပါတယ္။ ကိုယ္႔ iPhone, iPad ေတြမွာ iCloud တစ္ခါဝင္ထားတယ္ဆိုတာနဲ႔ ဒီ iPhone ကို ဒီ account ပိုင္ရွင္ကပဲ ပိုင္သြားတယ္လို႔ သေဘာတရား သက္ေရာက္သြားပါတယ္။

ဒါေၾကာင္႔ Apple ID ကို မွ်မသံုးဖို႔ အၾကံေပးပါရေစ။ iCloud ဝင္ထားတဲ႔ ဖုန္းဆိုရင္ factory reset ခ်ျပီး ျပန္ activate လုပ္မယ္ဆိုရင္ေတာင္ iCloud account က ဝင္ေနမွာျဖစ္ျပီး password ေတာင္းမွာျဖစ္ပါတယ္။ အဲ႔အခ်ိန္မွာ password ေမ႔သြားတယ္ဆိုရင္ လက္ထဲမွာ iPhone ၾကီးကိုင္ထားရံုသာ ရွိျပီး လံုးဝသံုးလို႔ရမွာ မဟုတ္ပါဘူး။

iCloud/ Apple ID ဖြင္႔ထားတဲ႔ email ကို access ရွိေသးတယ္ဆိုရင္ေတာ႔ အဲ႔ဒီ email ကေန recover လုပ္လို႔ရပါေသးတယ္။ Email ကို access လုပ္လို႔မရဘူး၊ email password ကို ေမ႔ေနတယ္ဆိုရင္ေတာ႔ အဲ႕႔ဒီ iPhone ကို လံုးဝသံုးလို႔မရေတာ႔ပါဘူး။ မိမိသေဘာအရ ျပင္ပက iCloud ျဖည္တဲ႔ service ေတြမွာ အပ္လိုကအပ္ႏိုင္ပါတယ္။

ဒါဆို iCloud နဲ႔ ပတ္သက္တဲ႔ ျပႆနာေတြ ေရွာင္က်ဥ္ဖို႔ရာ ဘာေတြလုပ္ရမလဲ?
--------------------------
1. iCloud password ကို အလြတ္ရေအာင္ လုပ္ထားပါ။

2. Apple ID ကို မိမိတစ္ေယာက္တည္းသာ သံုးပါ။ ဘယ္သူနဲ႔မွ share မသံုးပါနဲ႔။

3. Apple ID/ iCloud account ဖြင္႔ထားတဲ႔ email ကို အျမဲ access ရေအာင္လုပ္ထားပါ။ ဒါမွ Apple ID/ iCloud account တစ္ခုခုျဖစ္သြားခဲ႔ရင္ email ကေန recover ျပန္လုပ္ႏိုုင္ေအာင္ပါ။

4. အေရးၾကီးဆံုးက ကိုယ္က second hand ဝယ္မယ္လို႔ စိတ္ကူးမိတယ္ဆိုရင္ activate လုပ္တဲ႔ stage မွာ iCloud ဝင္ေနလား မဝင္ေနလား ေသခ်ာစစ္ပါ။ Activate လုပ္တဲ႔အခ်ိန္မွာ iCloud ဝင္ေနတယ္ဆိုရင္ ေရာင္းတဲ႔သူကိုပဲ password ျဖည္ခိုင္းပါ။ password ျဖည္မရဘူးဆို လံုးဝမဝယ္ပါနဲ႔။ Second ဝယ္ျပီးမွ iCloud ဝင္လို႔ ျပန္ျဖည္ရတာေတြဟာ အခုအျပင္မွာ အၾကားအမ်ားရဆံုး ျဖစ္ေနလို႔ပါပဲ။ အျပင္မွာ iCloud ျပန္ျဖည္မယ္ဆိုရင္ က်မယ္႕ ကုန္က်စရိတ္ပါ ထပ္ေပါင္းမယ္ဆိုရင္ အသစ္တစ္လံုး ဝယ္တာနဲ႔ ဘာမွမထူးေတာ႔ပါဘူး။

ဒါေၾကာင္႔ ကိုယ္ကိုယ္တိုင္ iCloud account/Apple ID ဖြင္႔လို႔ပဲျဖစ္ျဖစ္၊ ကိုယ္က second hand Apple Product ဝယ္လို႔ပဲျဖစ္ျဖစ္ iCloud ရဲ႕ အက်ိဳးအျပစ္ေလးေတြကို သိထားရင္ အေကာင္းဆံုးပါပဲ။
Credit ➣➣
ေညာင္းဝုိင္းသား

#Unicode

iCloud အကြောင်း သိကောင်းစရာများ

========================================

အခု အပြင်မှာ

- ဖုန်းဝယ်ပြီး iCloud ကျနေတယ်။
- iCloud password မေ့သွားတယ်။
- iCloud ကျသွားတယ်။

စတာ ဆိုတာမျိုးတွေ ခဏခဏ ကြားနေရမှာပါ။ ဒါဆို iCloud ကျတာမျိုးတွေ ဘယ်လိုရှောင်ကျဉ်ကြမလဲ?

ရှောင်ကျဉ်တာတွေ အကြောင်းမပြောခင် iCloud အကြောင်းကို အကြမ်းလေးပြောပြပါ့မယ်။ iCloud account ဟာ Apple Product သုံးစွဲသူ တစ်ယောက်ချင်းစီအတွက် သူတို့နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို backup လုပ်ပေးထားတဲ့ နေရာဆိုလဲ မမှားပါဘူး။ ဓါတ်ပုံတွေ၊ contacts တွေ၊ mail တွေ၊ notes တွေ၊ calendar events တွေ စတာတွေကို သိမ်းပေးထားတာပါ။ တကယ်လို့ ကိုယ်က iCloud account တစ်ခုတည်းကို Apple device တစ်ခုထက်ပိုပြီး အသုံးပြုမယ်ဆိုရင် ကိုယ့် information တွေအားလုံးဟာ ကိုယ်သုံးသမျှ device တွေမှာ share သွားတဲ့အတွက် အဆင်ပြေပါတယ်။ တကယ်လို့ ကိုယ့်ဖုန်းပျောက်ခဲ့တယ်ဆိုရင်လည်း iCloud ရဲ့ service တစ်ခုဖြစ်တဲ့ “Find My iPhone” မှာ ပြန်သွားရှာနိုင်ပါတယ်။

ဒီလိုတွေ လုပ်ပေးထားတဲ့အတွက် security ကလည်းမြင့်ပါတယ်။ Security ကတော့ Apple ID နည်းတူ သွားပါတယ်။ ကိုယ့် iPhone, iPad တွေမှာ iCloud တစ်ခါဝင်ထားတယ်ဆိုတာနဲ့ ဒီ iPhone ကို ဒီ account ပိုင်ရှင်ကပဲ ပိုင်သွားတယ်လို့ သဘောတရား သက်ရောက်သွားပါတယ်။ ဒါကြောင့် Apple ID ကို မျှမသုံးဖို့ အကြံပေးပါရစေ။ iCloud ဝင်ထားတဲ့ ဖုန်းဆိုရင် factory reset ချပြီး ပြန် activate လုပ်မယ်ဆိုရင်တောင် iCloud account က ဝင်နေမှာဖြစ်ပြီး password တောင်းမှာဖြစ်ပါတယ်။ အဲ့အချိန်မှာ password မေ့သွားတယ်ဆိုရင် လက်ထဲမှာ iPhone ကြီးကိုင်ထားရုံသာ ရှိပြီး လုံးဝသုံးလို့ရမှာ မဟုတ်ပါဘူး။ iCloud/ Apple ID ဖွင့်ထားတဲ့ email ကို access ရှိသေးတယ်ဆိုရင်တော့ အဲ့ဒီ email ကနေ recover လုပ်လို့ရပါသေးတယ်။ Email ကို access လုပ်လို့မရဘူး၊ email password ကို မေ့နေတယ်ဆိုရင်တော့ အဲ့့ဒီ iPhone ကို လုံးဝသုံးလို့မရတော့ပါဘူး။ မိမိသဘောအရ ပြင်ပက iCloud ဖြည်တဲ့ service တွေမှာ အပ်လိုကအပ်နိုင်ပါတယ်။

ဒါဆို iCloud နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှောင်ကျဉ်ဖို့ရာ ဘာတွေလုပ်ရမလဲ?

--------------------------

1. iCloud password ကို အလွတ်ရအောင် လုပ်ထားပါ။

2. Apple ID ကို မိမိတစ်ယောက်တည်းသာ သုံးပါ။ ဘယ်သူနဲ့မှ share မသုံးပါနဲ့။

3. Apple ID/ iCloud account ဖွင့်ထားတဲ့ email ကို အမြဲ access ရအောင်လုပ်ထားပါ။ ဒါမှ Apple ID/ iCloud account တစ်ခုခုဖြစ်သွားခဲ့ရင် email ကနေ recover ပြန်လုပ်နိုုင်အောင်ပါ။

4. အရေးကြီးဆုံးက ကိုယ်က second hand ဝယ်မယ်လို့ စိတ်ကူးမိတယ်ဆိုရင် activate လုပ်တဲ့ stage မှာ iCloud ဝင်နေလား မဝင်နေလား သေချာစစ်ပါ။ Activate လုပ်တဲ့အချိန်မှာ iCloud ဝင်နေတယ်ဆိုရင် ရောင်းတဲ့သူကိုပဲ password ဖြည်ခိုင်းပါ။ password ဖြည်မရဘူးဆို လုံးဝမဝယ်ပါနဲ့။ Second ဝယ်ပြီးမှ iCloud ဝင်လို့ ပြန်ဖြည်ရတာတွေဟာ အခုအပြင်မှာ အကြားအများရဆုံး ဖြစ်နေလို့ပါပဲ။ အပြင်မှာ iCloud ပြန်ဖြည်မယ်ဆိုရင် ကျမယ့် ကုန်ကျစရိတ်ပါ ထပ်ပေါင်းမယ်ဆိုရင် အသစ်တစ်လုံး ဝယ်တာနဲ့ ဘာမှမထူးတော့ပါဘူး။

ဒါကြောင့် ကိုယ်ကိုယ်တိုင် iCloud account/Apple ID ဖွင့်လို့ပဲဖြစ်ဖြစ်၊ ကိုယ်က second hand Apple Product ဝယ်လို့ပဲဖြစ်ဖြစ် iCloud ရဲ့ အကျိုးအပြစ်လေးတွေကို သိထားရင် အကောင်းဆုံးပါပဲ။

Credit ➣➣
ညောင်းဝိုင်းသား

Comments

Popular posts from this blog

Android Root လုပ္ရန္အေခၚအေဝၚမ်ား

Samsung Android Version 7.0 Help me Myanmar font style

SM-J701F - MYM Firmware